မြန်မာစတုန်နာကလပ်အား ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး NJ မှ ကိုစိန်လှမောင်ဉီးဆောင်ပြီး ၁.၁၀.၂၀၂၀ တွင် စတင်တည်ထောင်လိုက်သည်၊ ကျွန်ုပ်တို့အဖွဲ့သည် ပြည်တွင်း/ပြည်ပရှိ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး လိုလားသူများ အားလုံးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်၊ ကျွန်ုပ်တို့အဖွဲ့၏ ရည်ရွယ်ချက်မှာ လက်ရှိ ကျနော်တို့နိုင်ငံတွင် ချမှတ်ထားသော ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုမရှိသည့် မူးယစ်ဆေးဝါးဥပဒေအား ပြင်ဆင်ရန်၊ အဖက်ဖက်တွင်နိမ့်ကျနေသော တိုင်းပြည်စီးပွားရေးအား တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန်၊ ကမ္ဘာ့အလယ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် တိုင်းပြည်ဟု အရှက်ရ သိမ်ငယ်စေရသည့် ကိစ္စအား အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ၊ ဥရုဂွေး၊ ထိုင်း စသည့် တိုင်းပြည်များနည်းတူ ဂုဏ်သိက္ခာရှိစွာ ဆေးခြောက်အား စိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန်၊ ကျမ်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အရေးကိစ္စများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ လူ့အခွင့်အရေးဆုံးရှူံးနေသော ပြည်သူများ၏ ဆန္ဒများအား ပြန်လည်အဖတ်ဆည်ရန်၊ ဆေးခြောက်တလိပ်ဖြင့် ထောင်ဒဏ် ၁၀ နှစ်ခန့်ကျခံနေရခြင်းအား အဆုံးသတ်ရန်၊ အဲဒါကြောင...