Posts

Showing posts from October, 2020

မြန်မာစတုန်နာကလပ်

မြန်မာစတုန်နာကလပ်အား ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး NJ မှ ကိုစိန်လှမောင်ဉီးဆောင်ပြီး ၁.၁၀.၂၀၂၀ တွင် စတင်တည်ထောင်လိုက်သည်၊ ကျွန်ုပ်တို့အဖွဲ့သည် ပြည်တွင်း/ပြည်ပရှိ ​ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး လိုလားသူများ အားလုံးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်၊ ကျွန်ုပ်တို့အဖွဲ့၏ ရည်ရွယ်ချက်မှာ လက်ရှိ ကျနော်တို့နိုင်ငံတွင် ချမှတ်ထားသော ပြစ်မှုနှင့် ပြစ်ဒဏ်မျှတမှုမရှိသည့် မူးယစ်ဆေးဝါးဥပဒေအား ပြင်ဆင်ရန်၊ အဖက်ဖက်တွင်နိမ့်ကျနေသော တိုင်းပြည်စီးပွားရေးအား တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန်၊ ကမ္ဘာ့အလယ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် တိုင်းပြည်ဟု အရှက်ရ သိမ်ငယ်စေရသည့် ကိစ္စအား အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ၊ ဥရုဂွေး၊ ထိုင်း စသည့် တိုင်းပြည်များနည်းတူ ဂုဏ်သိက္ခာရှိစွာ ဆေးခြောက်အား စိုက်ပျိုးထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန်၊ ကျမ်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အရေးကိစ္စများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ လူ့အခွင့်အရေးဆုံးရှူံးနေသော ပြည်သူများ၏ ဆန္ဒများအား ပြန်လည်အဖတ်ဆည်ရန်၊ ဆေးခြောက်တလိပ်ဖြင့် ထောင်ဒဏ် ၁၀ နှစ်ခန့်ကျခံနေရခြင်းအား အဆုံးသတ်ရန်၊ အဲဒါကြောင...

ဆေးခြောက် Vs စတုန်နာ ဆယ်လီ

၁၊ ပုံမှန်ထက် လူသိများပြီး နယ်ပယ်တခုစီမှာ အထိုက်အလျောက် အောင်မြင်နေတဲ့ လူတွေက မူးယစ်ဆေးဝါး (ဒေသအခေါ်အဝေါ်) နဲ့ပက်သက်ပြီး ပေါ်ပေါ်ထင်ထင် ထောက်ခံမှုပြုဖို့က မလွယ်ဘူးနဲ့ တူပါတယ်၊ တကယ်ဆို ဆေးခြောက်သောက်တဲ့ လူတွေက အများကြီးပါ၊ နယ်ပယ်စုံ လူစုံပါတယ်၊ သူတို့ရဲ့ ပရိတ်သတ်တွေ အမြင်စောင်းမှာကို စိုးရိမ်ကြတာလည်း ဖြစ်နိုင်သလို မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ တချို့ကျတော့လည်း စစ်အစိုးရရဲ့ အကြောက်တရား စနစ်ကနေ ရုန်းမထွက်နိုင်တာ ဖြစ်နိုင်သေးသလို အဆိုးဝါးဆုံး စိတ်ကူးကတော့ ဆေးခြောက်သောက်နေသူတွေ ကိုယ်တိုင်ကအစ ဆေးခြောက်သောက်တာဟာ မကောင်းဘူး၊ ဆေးခြောက်ဆိုတာ မူးယစ်ဆေးဝါးလို့ မသိစိတ်ထဲမှာ ထင်မြင်နေတဲ့ကိစ္စပါပဲ၊ ၂၊ ဟိုတရက်ကပဲ သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တယ်၊ ကျနော် ဒီကိစ္စတွေကို လုပ်နေတာ၊ လုပ်လို့ရနေတာမှာ အကြောင်းပြချက်တွေရှိတယ်၊ ပထမဆုံး အချက်အနေနဲ့ ကျနော်ဟာ မိသားစုရဲ့ ချုပ်ခြယ်စိုးမိုးမှု၊ မိသားစုရဲ့ သြဇာလွှမ်းမိုးမှုကနေ လွတ်ကင်းနေခြင်းပါ၊ ဆိုလိုတာက မိသားစုရဲ့ ထိန်းချုပ်မှု၊ ဒါမှမဟုတ် တအိမ်ထောင်လုံးရဲ့ သဘောထား ဆန္ဒတွေကို ထူးထူးခြားခြား ထည့်သွင်းစဥ်းစားနေစရာ မလိ...